လိုင်းမလို၊ လစဉ်ကြေးမရှိ အသုံးပြုနိုင်ခြင်း
လစဉ် Cloud ဝန်ဆောင်ခ ပေးစရာမလိုသလို Data သို့မဟုတ် Wi-Fi မလိုအပ်ဘဲ အသုံးပြုနိုင်အောင် Browser ထဲရှိ IndexedDB အသုံးပြုထားပါသည်။
Convenience Store၊ Phone Shop၊ Electric Shop၊ လက်လီနှင့် လမ်းဘေးဆိုင်များအပါအဝင် ၊ ဆိုင်တိုင်း ၊ အသုံးတည့်သူတိုင်း အခမဲ့ သုံးနိုင်ပါသည်။ ရှိပြီးသား ဖုန်း သို့မဟုတ် စက်ပေါ်မှာပင် လိုင်းမလို၊ လစဉ်ကြေးမရှိဘဲ မြန်မြန်ဆန်ဆန် သုံးနိုင်ပြီး စိတ်ကြိုက်စနစ်များ ထပ်ထည့်လိုပါက Synthiq Stack သို့ ဆက်သွယ်နိုင်ပါသည်။
100% FREE
လစဉ်ကြေးမရှိ အခမဲ့ သုံးနိုင်
ANY SHOP TYPE
Convenience၊ Phone၊ Electric နှင့် ဆိုင်မျိုးစုံ
SOLO COUNTER READY
တစ်ယောက်တည်း ကိုင်တွယ်သည့် ဆိုင်တိုင်း အဆင်ပြေ
OFFLINE & PWA
လိုင်းမလို · Home Screen တင်သုံးနိုင်
အခန်း ၀၁ • ဘယ်လိုဆိုင်တွေမှာ အသုံးတည့်သလဲ
အမျိုးအစားတစ်ခုတည်းကို ကန့်သတ်မထားဘဲ Convenience Store၊ Phone Shop၊ Electric Shop၊ လက်လီနှင့် လမ်းဘေးဆိုင်များအထိ ကိုယ့်ဆိုင်လုပ်ငန်းအတွက် အသုံးတည့်ပါက လွယ်လွယ်ကူကူ သုံးနိုင်ပါသည်။
လစဉ် Cloud ဝန်ဆောင်ခ ပေးစရာမလိုသလို Data သို့မဟုတ် Wi-Fi မလိုအပ်ဘဲ အသုံးပြုနိုင်အောင် Browser ထဲရှိ IndexedDB အသုံးပြုထားပါသည်။
ကိုယ့်ဆိုင်မှာ ရှိနှင့်ပြီးသား မိုဘိုင်းလ်ဖုန်း၊ Tablet၊ Laptop သို့မဟုတ် Desktop ဖြင့် ချက်ချင်းစတင်နိုင်ပြီး POS စက်သီးသန့် သို့မဟုတ် Server မလိုအပ်ပါ။
POS၊ Stock၊ Logs၊ Expend နှင့် Setting တို့ကို ရှုပ်ထွေးမှုမရှိဘဲ လွယ်ကူစွာ ကိုင်တွယ်နိုင်သည်။
ဖုန်းနံပါတ်၊ အီးမေးလ် သို့မဟုတ် မှတ်ပုံတင်စရာ မလိုဘဲ Link ဖွင့်လိုက်သည်နှင့် အသုံးတည့်သူတိုင်း စက္ကန့်ပိုင်းအတွင်း စတင်အသုံးပြုနိုင်သည်။
အခန်း ၀၂ • Tab ၅ ခု အပြန်အလှန် အသုံးပြုပုံ
အောက်သို့ ညင်သာစွာ Scroll ဆွဲကြည့်ပါ သို့မဟုတ် Tab များကို နှိပ်၍ POS (အရောင်း)၊ Stock (ပစ္စည်း)၊ Logs (မှတ်တမ်း)၊ Expend (ဆိုင်စရိတ်) နှင့် Setting (ဆက်တင်) တို့ကို စမ်းသုံးကြည့်ပါ။
လက်တစ်ဖက်တည်းနှင့် မြန်ဆန်သော ကောင်တာအရောင်း
အခန်း ၀၃ • မိုဘိုင်းလ် UI ၊ PWA နှင့် အော့ဖ်လိုင်းနည်းပညာ
Browser အတွင်း တိုက်ရိုက်သိမ်းဆည်းသည့် စနစ်ဖြစ်သောကြောင့် နေ့စဉ်ဆိုင်လုပ်ငန်းများ မြန်ဆန်ပြီး ကိုယ့်စက်ထဲတွင် လုံခြုံစွာ ရှိနေပါမည်။
ပစ္စည်းစာရင်း၊ လက်ကျန်၊ အရောင်းမှတ်တမ်းနှင့် ဆိုင်စရိတ်များကို Browser ထဲတွင် သိမ်းဆည်းထားသောကြောင့် အချက်အလက် လုံခြုံမှု ၁၀၀% ရှိပါသည်။
zayShin POS ကို ဖုန်း သို့မဟုတ် စက်၏ Home Screen ပေါ်သို့ PWA အဖြစ် တိုက်ရိုက်တင်ပြီး App Install ရှုပ်ထွေးမှုမရှိဘဲ မျက်နှာပြင်အပြည့် ဖွင့်သုံးနိုင်သည်။
ကျွန်ုပ်တို့၏ UI သည် မိုဘိုင်းလ်ဖုန်း (Mobile Phone) ဖြင့် လက်တစ်ဖက်တည်း လွယ်ကူမြန်ဆန်စွာ နှိပ်နိုင်ရန် အဓိကထားထားပြီး ရှိပြီးသား Tablet၊ Laptop နှင့် Desktop များတွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်သည်။
အခန်း ၀၄ • အခမဲ့ စံဗားရှင်း နှင့် စိတ်ကြိုက်ဝန်ဆောင်မှု
တစ်ယောက်တည်း ကိုင်တွယ်သမျှ ဆိုင်လုပ်ငန်းများအတွက် စံဗားရှင်းကို လိုင်းမလို၊ လစဉ်ကြေးမရှိ အခမဲ့သုံးနိုင်ပြီး လုပ်ငန်းအရ ထပ်တိုးလိုအပ်ချက်များကို Synthiq Stack နှင့် တိုင်ပင်တည်ဆောက်နိုင်ပါသည်။
Convenience Store၊ Phone Shop၊ Electric Shop၊ လက်လီနှင့် လမ်းဘေးဆိုင်စသည့် ဆိုင်များအတွက် လိုအပ်သမျှ ပါဝင်သည်။
ကိုယ့်လုပ်ငန်းအတွက် တကယ်လိုအပ်သော စိတ်ကြိုက်လုပ်ဆောင်ချက်များ၊ စက်ပစ္စည်းချိတ်ဆက်မှုများ သို့မဟုတ် ဆိုင်ခွဲစနစ်များအတွက်သာ ဝန်ဆောင်မှုရယူနိုင်သည်။
မေးလေ့ရှိသော မေးခွန်းများ
ဟုတ်ကဲ့။ ကိုယ်ပိုင်ဆိုင်တိုင်းအတွက် စံဗားရှင်းကို လိုင်းမလို၊ လစဉ်ကြေးမရှိဘဲ အခမဲ့ အသုံးပြုနိုင်ပါသည်။ လုပ်ငန်းအလိုက် စိတ်ကြိုက်ပြင်ဆင်မှုများ၊ ဆိုင်ခွဲ Sync၊ စက်ပစ္စည်းချိတ်ဆက်မှု သို့မဟုတ် သီးသန့်ဝန်ဆောင်မှု လိုအပ်မှသာ ဝန်ဆောင်မှုခ ညှိနှိုင်းရယူနိုင်ပါသည်။
zayShin POS ကို မိုဘိုင်းလ်ဦးစားပေး Progressive Web App (PWA) အဖြစ် တည်ဆောက်ထားသောကြောင့် မိုဘိုင်းလ်ဖုန်းမှ ဖွင့်ပြီး Home Screen ပေါ် Install တင်ကာ App တစ်ခုလို မျက်နှာပြင်အပြည့် သုံးနိုင်သလို Tablet၊ Laptop နှင့် Desktop များတွင်လည်း သုံးနိုင်ပါသည်။
Zayshin POS သည် Browser ထဲတွင်သာ ဒေတာများကို သိမ်းဆည်းထားသောကြောင့် အင်တာနက် မလိုအပ်ပဲ နေ့စဉ်အရောင်းနှင့် စတော့မှတ်တမ်းများကို ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်ပါသည်။